အမျိုးသမီးတိုင်း မရှိမဖြစ် လိုအပ်သော သတ္တုဓာတ်သုံးမျိုး
25-Feb-2017
ကယ်လ်စီယမ် (Calcium)
ဘာကြောင့်လိုအပ်တာလဲ
အရိုးရောဂါနှင့် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လ်စီယမ်က ပုံမှန်သွေးခဲမှု၊ ကြွက်သားကျံူ့မှုနဲ့ အာရုံကြောတွေရဲ့ ဆက်သွယ်မှုတွေ ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဓမ္မတာမလာမီ အကြိုဝေဒနာတွေကို လျော့နည်းစေပြီး ကိုယ်အလေးချိန်ကျဆင်းအောင်လည်း ကူညီပေးပါတယ်။
ရရှိနိုင်သော အစားအစာများ
အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲနို့၊ ဆာဒင်းငါး၊ တိုဟူး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး။
ခရိုမီယမ် (Chromium)
ဘာကြောင့်လိုအပ်တာလဲ
သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးတဲ့အပြင် အင်ဆူလင် လုပ်ဆောင်မှု မကောင်းတဲ့သူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။
ရရှိနိုင်အောင် အစားအစာများ
ကောက်နှံတစ်ခုလုံးပါဝင်စာ၊ လိမ္မော်ရည်၊ ကြက်သား၊ ကမာကောင်။
ကော့ပါး (Copper)
ဘာကြောင့်လိုအပ်တာလဲ
အာရုံကြောများ တစ်ခုနဲ့တစ်ခုချိတ်ဆက်မှု၊ သွေးနီဥဖြစ်ပေါ်မှုတွေကိုကောင်းမွန်စေပြီး အရိုးများသန်မာမှုကို ထိန်းသိမ်းပေးပါတယ်။ နှလုံး၊ ဦးနှောက်နဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။
ရရှိနိုင်သော အစားအစာများ
ပင်လယ်အစားအစာ၊ ကလီစားများ၊ ကောင်နှံတစ်ခုလုံးပါဝင်စာ၊ အစေ့အဆန်၊ ပဲပိစပ်၊ အစိမ်းရင့်ရောင်၊ ဟင်းသီးဟင်းရွက်များ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.285, April 2016, Pg.136
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
